Events
ဒုတိယအကြိမ် စီမံကိန်းကြီးကြပ်မှုကော်မတီ (PSC) ၏ Google meet အစည်းအဝေးသို့ ဒုတိယဝန်ကြီးတက်ရောက်
Updated At: 2020-07-16 07:55:29

ဆွစ်ဇာလန်နိုင်ငံအစိုးရ၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ အစည်းများ၏ နည်းပညာအကူအညီနှင့် ရှမ်းပြည်နယ်၊ တောင်ပိုင်းတွင် အကောင်အထည်ဖော် လျှက်ရှိသော သစ်သီးဝလံထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ရေး နှင့်တာဝန်ယူမှုရှိသော ခရီးသွား လုပ်ငန်းတို့အကြား ချိတ်ဆက်လုပ်ကိုင်မှု ဖွံ့ဖြိုးရေးစီမံကိန်း၏ ဒုတိယအကြိမ် စီမံကိန်းကြီးကြပ်မှုကော်မတီ (Project Steering Committee-PSC) Google meet အစည်းအဝေးကို ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင်ကျင်းပခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး ဦးဆောင်၍ ဒုတိယအမြဲတမ်းအတွင်းဝန်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေး မှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က နေပြည်တော်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၌ တက်ရောက်ကြခဲ့ကြပြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ PSC အဖွဲ့ဝင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်စုစုပေါင်း (၃၂)ဦးတို့က သက်ဆိုင်ရာနေရာ ဒေသနိုင်ငံအသီးသီးတို့မှ တက်ရောက်ခဲ့ ကြသည်။
စီမံကိန်းအုပ်ချုပ်မှုစနစ်မှာ စီမံကိန်းနယ်မြေဒေသ ပြည်နယ်အဆင့်တွင် Working Level ဌာနဆိုင်ရာအရာထမ်းများနှင့်အသင်းအဖွဲ့များပါဝင်သော စီမံခန့်ခွဲမှုဘုတ်အဖွဲ့ (Project Management Board-PMB) ကို ဖွဲ့စည်းကာ စီမံကိန်းအကောင်အထည်ဖော်မှုလုပ်ငန်းများကို နည်းပညာပိုင်း ကြီးကြပ်လမ်းညွှန်မှုပေးသည်။ ပြည်ထောင်စု အဆင့်တွင် စီမံကိန်းကြီးကြပ်မှုကော်မတီ (Project Steering Committee-PSC) ဖြင့် မူဝါဒပိုင်းဆိုင်ရာ ကြီးကြပ်လမ်းညွှန်မှုပြုသည်။ ဂျီနီဗာအခြေစိုက် မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ပါဝင်သော ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုဘုတ်အဖွဲ့ (Global Management Board-GMB)က စီမံကိန်း လုပ်ငန်းများနှင့် ရန်ပုံငွေ အတည်ပြုခြင်းများ ဆောင်ရွက်သည်။
စီမံကိန်းအကောင်အထည်ဖော်မှုများအပေါ် လိုအပ်သော မူဝါဒပိုင်းဆိုင်ရာများကြီးကြပ် လမ်းညွှန်မှုပြုရန် စီမံကိန်းကြီးကြပ်မှုကော်မတီ (PSC) အစည်းအဝေးများကို ခြောက်လတစ်ကြိမ်ကျင်းပသည်။ စီမံကိန်းမိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် ITC, UNIDO နှင့် UNCTADတို့က ကမ္ဘာတစ်ဝှမ်းဖြစ်ပေါ်ခဲ့သော Covid-19 ကပ်ရောဂါကြောင့် ယင်းတို့၏ စီမံကိန်းအကောင်အထည်ဖော်မှုလုပ်ငန်းများအပေါ် သက်ရောက်မှု၊ လျော့ပါးသက်သာစေရန် စီမံဆောင်ရွက်နေမှု၊ New Normal နှင့်လိုက်လျောညီထွေဖြစ်စေ ရန် လုပ်ငန်းစဉ်အချို့ပြုပြင်ပြောင်းလဲမှုများနှင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုတို့ကို တင်ပြကြသည်။
တစ်ကမ္ဘာလုံးအနေဖြင့် ကိုဗစ်ကြောင့် အထိခိုက်ဆုံးဖြစ်ခဲ့သည့်ကဏ္ဍမှာ ခရီးသွားလုပ်ငန်းကဏ္ဍဖြစ်ပြီး ITC အနေနှင့် Study tour အချို့ကို အချိန်ရွေ့ဆိုင်းလိုက်ရသော် လည်း ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွင် လူသိနည်းသော ခရီးစဉ်သစ်ဒေသများ ဖော်ထုတ်၍ Culture & Heritage tour, Walking Villages, Agri-tourismနှင့် Mountain-Tourism တို့အတွက် မြို့နှင့်ကျေးရွာများရွေးချယ်ပေးခြင်း၊ သင်တန်းအချို့ကို အွန်လိုင်းမှ ပို့ချပေးခြင်းတို့ကိုဆောင်ရွက်ပေးနိုင်ခဲ့သည်။
စီမံကိန်းက ပံ့ပိုးပေးရန် ရွေးချယ်ထားသည့် လက်ဖက်၊ ဂျင်းနှင့်ထောပတ်သီးတို့၏ တန်ဖိုးကွင်းဆက်လုပ်ငန်းစဉ်များတွင် အရည်အသွေးကောင်းများထိန်းသိမ်းထားနိုင်ရေး၊ နိုင်ငံ တကာဈေးကွက်မီ အရည်အသွေးများစံချိန်စံညွှန်းရှိစေရေး၊ နိုင်ငံတကာGAP လက်မှတ်ရရှိစေရေး၊ ပြည်တွင်းဓာတ်ခွဲခန်းများတွင် အရည်အသွေးစစ်ဆေးနိုင်စေရန် UNIDO အဖွဲ့က စားသုံးသူရေးရာဦးစီးဌာန၏ CTQM ဓာတ်ခွဲခန်း၊ တောင်ကြီးမြို့ရှိ စိုက်ပျိုးရေးဦးစီးဌာန၏ ဓာတ်ခွဲခန်းနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ဓာတ်ခွဲခန်းတို့ကို ဓာတ်ခွဲခန်းသုံးပစ္စည်းများနှင့်ဓာတုဆေးရည်များဝယ်ယူပံ့ပိုးပေးခဲ့သည်။
စီမံကိန်းပြီးဆုံးမည့်ကာလ ၂၀၂၂ခုနှစ်၊ ဇူလိုင်လနောက်ပိုင်းလည်း ပြည်နယ်ဒေသ အဖွဲ့အစည်းများက ဆက်လက်လက်ဆင့်ကမ်းဆောင်ရွက်သွားမည်ဖြစ်ရာတွင် အရည် အသွေးပိုမိုကောင်းမွန်သော လက်ဖက်၊ ဂျင်းနှင့်ထောပတ်သီးတို့ကို ပြည်ပသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်တော့မည်ဖြစ်သည်။
ဒုတိယအကြိမ် စီမံကိန်းကြီးကြပ်မှုကော်မတီ (PSC)၏ Google meet အစည်းအဝေးတွင် ဒုတိယဝန်ကြီးဦးအောင်ထူးနှင့် မြန်မာနိုင်ငံဆိုင်ရာဆွစ်ဇာလန်နိုင်ငံ ဒုတိယသံ အမတ်ကြီး Mr. Giacomo Solari တို့က နိဂုံးချုပ်အမှာစကားပြောကြားပြီးနောက် ညနေ ၁၇:၀၀ အချိန်တွင် Google meet အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
မြတ်မြတ်စိုးမိုး
(Myantrade)
More Events
AYUSH UTSAV 2025 ပြပွဲ ကျင်းပမည်
Date: 4th to 6th September, 2025
(၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) ကျင်းပပြုလုပ်မည်
Date: 4th to 10th September, 2025
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026